ပုသိမ်မြို့၊ စက်မှုစီမံကိန်းဆိပ်ကမ်း (Ayeyarwaddy International Industrial Port) မှ ထိုင်းနိုင်ငံ khantang ဆိပ်ကန်းသို့ ပင်လယ်ရေကြောင်းခရီးစဉ်အဖြစ် ပထမအကြိမ် MV-M(L-19) သင်္ဘောနှင့် အစေ့ထုတ်ပြောင်း တန် (၂၇၀၀) တင်ပို့မည်ဖြစ်ရာ (၂၁-၅-၂၀၂၃) ရက်နေ့မှစတင်၍ သင်္ဘောတင်လျက်ရှိကြောင်း သိရပါသည်။
ပုသိမ်ဆိပ်ကမ်းမှ အစေ့ထုတ်ပြောင်းတင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိစေသည့်အပြင် Exporter၊ ကုမ္ပဏီလုပ်ငန်းရှင်၊ စိုက်ပျိုးထုတ်လုပ်သူ၊ ကုန်တင်ကားပိုင်ရှင်နှင့် လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ပြီး ရန်ကုန်မှတစ်ဆင့် တင်ပို့ရောင်းချခြင်းထက် သယ်ယူခစရိတ်များလည်းလျော့ချနိုင်မည်ဖြစ်ကြောင်း ယခုကဲ့သို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှထွက်ရှိသော ပြည်ပပို့ကုန်များကို တိုက်ရိုက်တင်ပို့ရောင်းချနိုင်သည့်အတွက် ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝပါ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်းနှင့် ဆက်လက်၍ အစေ့ထုတ်ပြောင်းတန်ချိန် (၅၀၀၀၀) အထိတင်ပို့ရန်လျာထားကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)