Main menu

ရှမ်းပြည်နယ်(တောင်ပိုင်း) စိန်တလုံးသရက်သီး စတင်ထွက်ပေါ်လာပြီ

Powered by Drupal

          ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသတွင် စိုက်ပျိုးထွက်ရှိသော စိန်တလုံးသရက်သီးများသည် ၂၀၂၃ ခုနှစ် မေလနောက်ဆုံးပတ်မှစ၍ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရှိ ရပါသည်။ ဈေးကွက်အနေဖြင့် မူဆယ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံပွဲရုံများသို့ စတင်တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ ယခုကာလသည် စတင်ထွက်ရှိချိန်ဖြစ်သောကြောင့် စိန်တလုံးသရက်သီး ၁၅  ကီလိုဂရမ်ဆံ့ ခြင်းတစ်ခြင်းလျှင် အမြင့်ဈေးနှုန်း တရုတ်ငွေ (၁၈၀)ယွမ်နှင့် အနိမ့်ဈေးနှုန်း တရုတ်ငွေ (၈၀) ယွမ် ပေါက်ဈေးရှိကြောင်း  မြန်မာငွေအနေဖြင့် (၃၃၂၈၀) ကျပ် မှ (၇၄၈၈၀)ကျပ်ထိ ပေါက်ဈေးရှိပြီး ဒေသတွင်းတွင် အသီးအရွယ်အစား အရည်သွေးပေါ်မူတည်၍ တစ်လုံးလျှင် (၅၀၀) ကျပ်မှ (၁၅၀၀) ကျပ် အထိ ပေါက်ဈေးရှိကြောင်းသိရှိရပါသည်။

          ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွေ၊ ဆီဆိုင်၊ ပင်းတယနှင့် ဟိုပုံးမြို့နယ်တို့တွင် စိန်တလုံးသရက်ပင် အများဆုံးစိုက်ပျိုးလျက်ရှိသည်။ ရှမ်း(တောင်)မှ ထွက်ရှိ သည့် စိန်တလုံးသရက်သီးများသည် မေလနောက်ဆုံးပတ်တွင် စတင်ထွက်ပေါ်ပြီး ဇွန်လဒုတိယ ပတ်တွင် လှိုင်လှိုင်ထွက်ပေါ်ကာ ဇွန်လနောက်ဆုံးပတ်တွင် ကုန်ဆုံးကြောင်းနှင့်  ယခုလက်ရှိချိန် တွင် မူဆယ်ဈေးကွက်နှင့် ပြည်တွင်းများကိုသာ တင်ပို့လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)