Main menu

ပွင့်ဖြူမြို့နယ်၏ ဧရာပဒေသာဆန်ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၂၈-၅-၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ရှောက်တောကျေးရွာအုပ်စု၊ ဥယျာဉ်ကျစ်ကျေးရွာမှ ဧရာမဒေသာဆန်များကို ကိုယ်တိုင်စိုက်ပျိုးကြိတ်ခွဲဖြန့်ဖြူးရောင်းချနေသော “ခိုင်မြဲသာ” ဆန်စက်ပိုင်ရှင် ဦးကျော့မောင်ခိုင်၏ဆန်စက်သို့သွားရောက်၍ ဧရာပဒေသာဆန်များ၏ ဈေးနှုန်းဈေးကွက်အခြေအနေများအား ဆွေးနွေးမေးမြန်းခဲ့ပါသည်။

    ယခုနှစ် (၂၀၂၂-၂၀၂၃)၌ မိုးစပါး ဧရာပဒေသာဆန်များစတင်ပေါ်ချိန်တွင် (ကောက်ဦးစပါး) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်(၆၀၀၀၀ မှ ၆၅၀၀၀)ထိလည်းကောင်း၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလတွင် ကျပ်(၆၅၀၀၀ မှ ၇၀၀၀၀)ထိလည်းကောင်း၊ မတ်လမှ ဧပြီလတွင် ကျပ်(၇၀၀၀၀ မှ ၇၅၀၀၀)ထိလည်းကောင်း၊ ယခု မေလ(ဒုတိယပတ်)မှစတင်ပြီး ကျပ်(၈၅၀၀၀)မှ စတုတ္တအပတ်တွင် ကျပ်(၉၅၀၀၀ မှ ၉၈၀၀၀)ထိဈေးမြင့်မားခဲ့ပါကြောင်း၊ ၎င်းဆန်များသည် ရွေးကျဇကာတင်များဖြစ်ပါကြောင်း၊ တချို့သောစားသုံးသူများသည် ရွေးကျသန့်စင်ပြီးမဟုတ်သောဆန်တစ်အိတ်လျှင် ကျပ်(၇၅၀၀၀)ဖြင့် စားသုံးကြပါကြောင်း၊ ဧရာပဒေသာဆန်များကို မကွေး၊ မင်းဘူး၊ ချောက်၊ တညောင်၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များသို့ တိုက်ရိုက်ကားများဖြင့် တင်ပို့ရောင်းချပါကြောင်း ဆန်စက်ပိုင်ရှင် ဦးကျော့မောင်ခိုင်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)