Main menu

ဥပဒေပါအချက်အလက်များ သိရှိလိုက်နာဆောင်ရွက်ရေး လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၂၃.၅.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၅)ဦးတို့သည် အမှတ်(၃) ရပ်ကွက်၊ ရွှေဘိုမြို့ရှိ မုန့်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အားလည်းကောင်း၊ (၂၄.၅.၂၀၂၃)ရက် နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးတို့သည့် အမှတ်(၅)ရပ်ကွက်၊ ရွှေဘိုမြို့ရှိ ကိတ်နှင့် မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်အားလည်းကောင်း၊ (၂၅.၅.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဝက်လက်မြို့နယ်တာဝန်ခံမှ အမှတ်(၂)ရပ်ကွက်၊ ဝက်လက်မြို့ရှိ ကုန်စုံဆိုင် လုပ်ငန်းရှင်အားလည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေအပြင် အထက်ဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊  ကုန်စည်ကိုရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားသည့် ကုန်စည်များကိုသာ ရောင်းချကြရမည်ဖြစ်သဖြင့် ကုန်အညွှန်းအမှတ်အသားတွင် ထည့်သွင်းဖော်ပြရမည့်အချက်များကို သိရှိရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဥပဒေပါ အချက်များနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center (1535)သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များကို သိရှိရမည်ဖြစ်ကြောင်း  ရှင်းလင်းဆွေးနွေးခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်မှသိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ် ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)