စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်၊ အမှတ်(၂) ဈေး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း(ဒု-ကြီးကြပ်ရေးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ရည်ရွယ်ချက်၊ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုရှိစေရေးအတွက် သက်ဆိုင်ရာအစိုးရဌာနများပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုနှင့် အငြင်းပွားမှုများရှိပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးမှူးရုံးများသို့ သက်သေခံအထောက်အထားနှင့်တကွ တိုင်ကြားနိုင်ကြောင်းနှင့် ဥပဒေပါ ပြစ်မှု/ပြစ်ဒဏ်များအကြောင်းတို့ကို အသေးစိတ်ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဟောပြောပွဲအား နေ့လယ် (၁ဝ:၁၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပြီး ဟောပြောပွဲတက်ရောက်သူ (၁၈) ဦးခန့်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)