
စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာ၊ လင်ဖုံလေး၊ ရေနီ ကန်ကျေးရွာများတွင် စိုက်ပျိုးကြပြီးထွက်ရှိကြောင်း၊ ငရုတ်သီးစိမ်းကို ဒေသတွင်းဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချကြပြီး ဒေသခံလူမျိုးများမှာလည်း ငရုတ်သီးကို ဒေသရိုးရာအစားအသောက်များ၊ ဟင်းလျာများတွင်မရှိမဖြစ်အများဆုံးအသုံးပြုကြကြောင်း သိရှိရပါသည်။
မေလပထမပတ် ဈေးကွက်အတွင်း ငရုတ်သီးစိမ်းတောင့်(ရှည်)နို့ဆီ(၁)ဗူးလျှင်ကျပ်(၅၀၀) ၊ ၂၅ ကျပ်သားကို(၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင်ကျပ်(၈၀၀၀)ဈေးနှုန်းပေါက်လျက်ရှိပြီး၊ ယခုဇွန်လ ပထမတွင် ငရုတ်သီးစိမ်း နို့ဆီ(၁)ဗူးလျှင် ကျပ်(၁၀၀၀)၊ ၂၅ကျပ်သားလျှင် (၂၅၀၀)ကျပ် တစ်ပိဿာ လျှင် (၁၀၀၀၀)ကျပ် ကျပ်ရှိခဲ့ပါသည်။ ယခင်လပထမပတ်နှင့် ယခုလပထမပတ်နှင့် နှိုင်းယှည်ကြည့် လျှင် ငရုပ်သီးစိမ်း တစ်ပိသာလျှင်ကျပ်(၂၀၀၀)ခန့် ကျပ်ခန့်မြင့်တက်လာကြောင်း သီရိမင်္ဂလာဈေးရှိ ငရုတ်သီးရောင်းချသူတစ်ဦးထံမှသိရပါသည်။
DOCA-Kayah