Main menu

ကယားပြည်နယ် ဆန်စီးဝင်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

          ကယားပြည်နယ်တွင် ၂၀၂၃ ခုနှစ် မေလအတွင်း ပြည်နယ်အတွင်းသို့ ဆန်စီးဝင်မှုအခြေအနေမှာ ရန်ကုန်မြို့မှ ဆန်(၁၀၉၅၅)အိတ် တန်ချိန်အားဖြင့် (၅၄၇)တန်ခန့်လည်းကောင်း၊ ရွှေဘိုမြို့မှ ဆန်(၂၄၂၅၂)အိတ် တန်ချိန်အားဖြင့် (၁၂၁၂)တန်ခန့်လည်းကောင်း၊ မန္တလေးမြို့မှ ဆန်(၆၆၅)အိတ် တန်ချိန်အားဖြင့် (၃၃)တန်ခန့် လည်းကောင်း၊ တောင်ကြီးမြို့မှဆန်(၁၀၀)အိတ် တန်ချိန်အားဖြင့် (၅)တန်ခန့်လည်းကောင်း ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုများပြုလုပ်ခဲ့ပါကြောင်းနှင့် ယခင် ဧပြီလ ပြည်နယ်အတွင်းသို့ ဆန်စီးဝင်မှုအခြေအနေမှာ ရန်ကုန်မြို့မှ ဆန်(၈၆၀၀)အိတ်(၄၃၀)တန်ခန့်လည်းကောင်း၊ ရွှေဘိုမြို့မှ ဆန်(၁၀၂၁၅)အိတ် (၅၁၀)တန်ခန့်လည်းကောင်း၊ မန္တလေးမြို့မှဆန်(၂၂၀)အိတ်(၁၁)တန်ခန့်လည်းကောင်း၊ ပြည်နယ် အတွင်းသို့ ဆန်တင်သွင်းမှုများပြုလုပ်ခဲ့ပါကြောင်း ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

          ၂၀၂၃ ခုနှစ်၊ ဇွန်လပထမပတ်အတွင်း လွိုင်ကော်မြို့၌ အခြားဒေသမှ တင်သွင်းလာသည့် ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည်လျှင်(၄၉၀၀)ကျပ် (၂၄ပြည်) တစ်အိတ်လျှင် (၁၁၆၀၀၀)ကျပ်ခန့်၊ မြောင်းမြပေါ်ဆန်း ဆန်တစ်ပြည်လျှင်(၄၀၀၀)ကျပ်(၂၄ ပြည်)တစ်အိတ် လျှင်(၉၅၀၀၀)ကျပ်ခန့်၊ ဧရာမင်းပေါ်ဆန်း ဆန်တစ်ပြည်လျှင်(၄၁၀၀)ကျပ်(၂၄ပြည်)တစ်အိတ် လျှင်(၉၈၀၀၀)ကျပ်ခန့်၊ ပေါ်ဆန်းကျော် ဆန်တစ်ပြည်လျှင်(၄၁၀၀)ကျပ် (၂၄ပြည်)တစ်အိတ် လျှင်(၉၈၀၀၀)ကျပ်နှင့် ပေါ်ဆန်းဇကွဲတစ်ပြည်လျှင်(၂၂၅၀)ကျပ် (၂၄ပြည်)တစ်အိတ်လျှင် (၅၄၀၀၀)ကျပ်ခန့်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆန်ရောင်းဝယ်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA Kayah