Main menu

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစျေးကွက်

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးဧရိယာမှာ (၃၅၁၇၇၇)ဧက၊ အစေးလှီးဧရိယာမှာ (၂၀၂၇၁၉)ဧက၊ အထွက်နှုန်းမှာ (၅၀၂.၂၁) ပေါင်ရှိပြီး တစ်နှစ်စာပျှမ်းမျှ အထွက်တန်မှာ (၄၇၈၃၄) မက်ထရစ်တန်ရှိကြောင်း သိရှိရသည်။

မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ )မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ ) မျိုးသာ အဓိကအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် (RSS-3 ) တစ်ပေါင်လျှင် ပေါက်စျေးသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ (ပထမအပတ်)တွင် (၁၄၇၀)ကျပ်ဖြစ်ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက စျေးနှုန်းတည်ငြိမ်လျက်ရှိ၍ ရော်ဘာကို ကော့သောင်းနှင့် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရပြီး ယခုအခါသယ်ယူပို့ဆောင်ခအနေဖြင့် ထားဝယ်မှ ကော့သောင်းသို့ (ကားခ) တစ်​တန်လျှင် (၂၄၀၀၀၀)ကျပ်နှုန်းရှိကြောင်း စုံစမ်းသိရှိရသည်။

DOCA (တနင်္သာရီ)