Main menu

ဈေးနှုန်းအနည်ငယ်ကျဆင်းသော်လည်း ဝင်သမျှအရောင်းအဝယ်ဖြစ်သည့်နွေနှမ်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့်ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာအားကောင်းလာစေခြင်းတို့အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။

     မေလ၊ စတုတ္ထအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ နွေနှမ်းများစတင်ဝင်ရောက်လာပြီး ဇွန်လ၊ ပထမအပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇွန်လ၊ ပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင် (၁၀၆၆၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၅၀၀)တင်း/(၄၉)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ နှမ်းနက်များအရောင်းအဝယ်ဖြစ်မှုမရှိကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းနက်တစ်တင်းလျှင် (၁၁၁၀၀ဝိ/) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် နှမ်းနက်တစ်တင်းလျှင် ယခုအပတ်တွင် ယခင်အပတ်အောက် (၄၄၀ဝိ/-) ကျပ်လျော့နည်းခဲ့ပြီး ကုန်သည်များအနေဖြင့် ယခုနှစ်တွင် ဝယ်ယူရသည့်ဈေးနှုန်းများသဖြင့် ဝင်ရောက်သမျှနှမ်းနက်များအား လက်ဝယ်သိုလှောင်ထားခြင်းမရှိဘဲ ဝယ်ရောင်းသာဆောင်ရွက်ကြကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)