Main menu

နွေပဲတီစိမ်းများ လှိုင်လှိုင်ပေါ်၍ ဈေးအနည်းငယ်ကျဆင်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာအားကောင်းလာစေခြင်းတို့အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

      ပဲတီစိမ်းမှာ ဧပြီလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဇွန်လ၊ ပထမအပတ်အထိဝင်ရောက်လျက်ရှိကြောင်း၊ ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရွှေဘိုခရိုင်အတွင်းရှိ နွေသီးနှံစိုက်ပျိုးရန်အတွက် ဆည်ရေရရှိသည့်မြို့နယ်များအပြင် မူးမြစ်ဝှမ်းဒေသများမှ ပဲတီစိမ်းများဝင်ရောက်လျက်ရှိကြောင်း၊  ဇွန်လ၊ ပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် (၆၀၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၅၀၀) တင်း/ (၄၉) တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲတီစိမ်းများအရောင်းအဝယ်ဖြစ်မှုမရှိကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၆၃၃၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် တစ်တင်းလျှင် (၃၃၀ဝိ/-) ကျပ်ဈေးလျော့နည်းခဲ့ပြီး ဈေးနှုန်းလျော့နည်းသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)