ကြက်သွန်နီ ကုန်စည်ဒိုင်တွင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြို နှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့တောင်သာနယ်၊ ညောင်ဦးနယ်တို့မှ ဆောင်းစိုက် (ပင်စိုက်)ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
၂၀၂၃ခုနှစ် မေလ(စတုတ္ထ)ပတ်တွင် ပခုက္ကူ ကုန်စည်ဒိုင်၌ ကြက်သွန်နီ ဒိုင်ပြတ်ဈေးမှာ ပေါက်နယ်(ယောစ) ထိပ်စ တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၁၇၀၀) ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် (၁၃၀၀)ကျပ်၊ ပုလဲ ကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် (၂၀၅၀)ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၁၇၀၀)ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် (၁၃၀၀) ကျပ်ဖြင့် နေ့စဉ်ကုန်ချိန် (၅၀၀၀၀ မှ ၁၀၀၀၀၀) ကျော် အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်း တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
ကြက်သွန်ဖြူ(ဗမာ) ဒိုင်ပြတ်လက်ကားဈေးမှာ အရည်အသွေးပေါ်မူတည်၍ ထိပ်စ တစ်ပိဿာလျှင် (၅၉၀၀)ကျပ်၊ အလတ်စ တစ်ပိဿာလျှင်( ၅၇၀၀)ကျပ်၊ အနိမ့် တစ်ပိဿာလျှင် (၅၂၀၀)ကျပ် ဖြစ်ပြီး ကြက်သွန်ဖြူ (ရှမ်းစ) ထိပ်စ တစ်ပိဿာလျှင် (၄၇၀၀)ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ အနိမ့် တစ်ပိဿာလျှင် (၃၈၀၀)ကျပ်ဖြင့် ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေပါသည်။
DOCA(မကွေး)