Main menu

ပခုက္ကူမြို့မဈေး၌ မေလ(စတုတ္ထပတ်)တွင်ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်း

Powered by Drupal

    ပခုက္ကူခရိုင်၊ မြို့မစည်ပင်သာယာဈေးနှင့် ပန်းခြံဈေးတို့တွင် ပခုက္ကူမြို့နယ် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဟင်းသီးဟင်းရွက်များ၊ ကမ္မ၊မြစ်ခြေနှင့် ကျောက်ပန်းတောင်း၊  မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ  ညောင်ဦးနယ်များရှိ ကျွန်းများမှ ကုန်သည်များ လာရောက်  ရောင်းဝယ်ဖောက် ကားလျက်ရှိပါသည်။

     ၂၀၂၃ခုနှစ် မေလ(စတုတ္ထ)ပတ်တွင် ပခုက္ကူမြို့ စည်ပင်သာယာဈေး၌ ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများမှာ ဧည်မထဆန် တစ်ပြည်လျှင် (၃၅၀၀ ) ကျပ်၊ ငရုတ်သီးခြောက် အရှည် တစ်ပိဿာလျှင် (၁၆၀၀၀- ၁၈၀၀၀) ကျပ်၊ ငရုတ်ခြောက်အပု တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြက်သွန်နီ လက်ကားထိပ်စ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၂၃၀၀)ကျပ်၊ အနိမ့် တစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ ကြက်သွန်ဖြူ (ဗမာ) တစ်ပိဿာလျှင် (၆၀၀၀-၆၅၀၀-၇၀၀၀) ကျပ်၊ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ နနွင်းတက် တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊  ဂျင်းအတက် တစ်ပိဿာလျှင် (၄၀၀၀-၄၅၀၀) ကျပ်၊ အိမ်သုံးဆား တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ မန်ကျည်သီးမှည့်  အစေ့လွတ် တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊မြေပဲဆံ တစ်ပြည်လျှင် (၇၅၀၀) ကျပ်၊ ကုလားပဲခြမ်း တစ်ပြည်လျှင် (၇၀၀၀) ကျပ်၊ ပဲတောင့်ရှည် တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၂၂၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၂၀၀) ကျပ်၊ မွေမြူရေးကြက် တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်၊ ဆိတ်သားတစ် ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ ကန်စွန်းရွက် တစ်စီးလျှင် ( ၃၅) ကျပ်၊ ချဉ်ပေါင်ရွက် တစ်စီးလျှင် ( ၃၅) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၂၇၅-၃၀၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၅၀) ကျပ်၊ စက်ပဲဆီအသန့် တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊  ၁၆ပဲရည်ရွှေ တစ်ကျပ်သားလျှင် (၃၀၅၅၀၀၀) ကျပ်ရှိကြောင်း မြိုင်မဟာရွှေ ရွှေဆိုင်နှင့် မြို့မစည်ပင်ဈေးသည် များထံမှ သိရှိရပါသည်။

DOCA(မကွေး)