Main menu

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ “မွန်ပြည်နယ်မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း” ဖွဲ့စည်းခြင်းဆောင်ရွက်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် (၁-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်၌ “ မွန်ပြည်နယ်မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း” ဖွဲ့စည်းခြင်းအခမ်းအနားဆောင်ရွက်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ၊ MONCCI မှ တာဝန်ရှိသူများ၊ မော်တော်ယာဉ်ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းရှင်များ၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ စုစုပေါင်း (၃၉) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

      အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌက အသင်းဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် အသင်း၏အလုပ်အမှုဆောင်များအား မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ရာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးအပါအဝင် အလုပ်အမှုဆောင် (၁၇) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် အသစ်ရွေးချယ်တင်မြှောက်ခဲ့သော ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အခမ်းအနားအား နေ့လယ် (၁၅:၃၀) နာရီချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)