Main menu

သံဖြူဇရပ်မြို့နယ်၌ စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ (၂၉-၅-၂၀၂၃) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ အမှတ်(၁)ဈေး၌ ကုန်စုံဆိုင်(၁၀)ဆိုင်အား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆိုင်များ၌ အချိုရည်အမျိုးမျိုးနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့မှာ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်ရှိ/မရှိ၊ ကုန်စည်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို စစ်ဆေးခဲ့ရာ ဘေးအန္တရာယ်ကင်းသောတရားဝင်အချိုရည်များ၊ လက်ဖက်ရည်ထုပ်များကိုတွေ့ရှိရပြီး ဆိုင်ရှင်များအား ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး  လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)