Main menu

ကန့်ဘလူ၊ ကျွန်းလှမြို့နယ်ဒေသများတွင် မြေအောက်ရေတင်စနစ်ဖြင့် ရုံးပတီသီးစိုက်ပျိုးကာ မိသားစုဝင်ငွေရရှိ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ရုံးပတီသီးကို စိုက်ပျိုးကြကြောင်း၊ ရုံးပတီသီးကိုစိုက်ပျိုးရာတွင် ရာသီမရွေးစိုက်ပျိုးကြပြီး  စိုက်ပျိုးချိန် (၁) လကျော်လျှင် အသီးများကို စတင်၍ ခူးဆွတ်ရပါသည်။ ရုံးပတီသီးကို စားသုံးသူပြည်သူများအတွက် စားအကောင်းဆုံးအချိန်မှာ ပန်းပွင့်ပွင့်ပြီး (၅/၆) ရက်ခန့်ဖြစ်သည့်အတွက် အပွင့်ပွင့်ပြီး (၇) ရက်ပြည့်လျှင် စတင်၍ ခူးဆွတ်ရပါသည်။

      ရုံးပတီသီးကို တပါင်းလတွင်စိုက်ပျိုးကာ တခူးလတွင် အသီးများသီးကာ စတင်၍ ခူးဆွတ်ရောင်းချရပါသည်။ ရုံးပတီသီးကို တစ်ကျင်းလျှင် (၂/၃) ပင်ခန့်စိုက်ပျိုးပြီး အပင်ရေ (၁၅၀) ခန့်စိုက်ပျိုးပါသည်။ ရုံးပတီသီးကို မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးကာ ရုံးပတီသီးပင်စတင်စိုက်ပျိုးရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ ဓာတ်မြေဩဇာနှင့် ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် (၄၀၀၀၀) ကျော်မှ ကျပ် (၅၀၀၀၀) ခန့်ကုန်ကျပြီး တစ်ခါခူးဆွတ်လျှင် (၁၀) ပိဿာမှ (၁၅) ပိဿာအထိ ပုံမှန်ခူးဆွတ်ရပြီး ၂ရက်ခြားလျှင် တစ်ကြိမ်ခူးဆွတ်ရပါသည်။

     ထို့ကြောင့် ရုံးပတီသီးပင်သည် စဉ်ဆက်မပြတ်စိုက်ပျိုးနိုင်ပြီး နေ့စဉ် ခူးဆွတ်ရောင်းချရသောသီးနှံပင်ဖြစ်၍ စီးပွားရေးအရ စိုက်ပျိုးသင့်သောသီးနှံပင်ဖြစ်ကြောင်းနှင့် ရုံးပတီသီးတစ်ပိဿာလျှင် (၁၈၀၀/၂၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့်ရောင်းရကာ မြို့မစည်ပင်သာယာဈေးရှိ ဖောက်သည်များထံ ပို့ဆောင် ရောင်းချကာ အရောင်းအဝယ်ဖြစ်နေပြီး မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ရှမ်းစုကျေးရွာ၊ ရုံးပတီသီးစိုက်တောင်သူ မဇင်မာထံမှ သိရှိရပါသည်။

 DOCA(စစ်ကိုင်း)