Main menu

မကွေးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မကွေးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၃ခုနှစ်၊ မိုးရာသီစိုက်စရိတ်ချေးငွေလာရောက်ထုတ်ယူသော မြင်းစိုင်းရွာ၊ ကိုးပင်ရွာနှင့် ထန်းပင်စမ်းကျေးရွာများမှ တောင်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေး (၈) ချက်၊ လိုက်နာရမည့်တာဝန် (၄) ချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်များ၊ ကုန်စည်၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားနိုင်သည့်နေရာများ၊ တိုင်ကြားပုံနည်းလမ်းနှင့် အလွယ်တကူခေါ်ဆိုတိုင်ကြားသော Consumer Call Center No. (1535) တို့အား ကျေးလက်ဒေသနေတောင်သူများသိရှိနိုင်စေရန် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲတွင် မကွေးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဝန်ထမ်း (၁၀) ဦး၊ မြင်းစိုင်းရွာ၊ ကိုးပင်ရွာနှင့် ထန်းပင်စမ်းရွာတို့မှ တောင်သူ (၂၀၀) ဦးတို့တက်ရောက်ခဲ့ပြီး ဌာနမှထုတ်ဝေသည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)