Main menu

တောင်ငူခရိုင်၊ ဖြူးမြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းအတက်အကျရှိနေ

Powered by Drupal

      တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းမှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်ရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်၊ ဧည့်မထမှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၇၀၀၀၀ကျပ်ရှိခဲ့ပြီး ယခုအပတ်တွင် ၇၂၀၀၀ကျပ်ရှိနေ၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

      မြေပဲဆီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ရှိနေ၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး စားအုန်းဆီတစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ကြက်သွန်နီတစ်ပိဿာလျှင် ယခင်အပတ်က အသေး ၂၃၀၀ကျပ်၊ အလတ် ၂၄၀၀ကျပ်နှင့် အကြီး ၂၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အသေး ၂၅၀၀ ကျပ်၊ အလတ် ၂၇၀၀ကျပ်နှင့် အကြီး ၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

     ကြက်သွန်ဖြူတစ်ပိဿာလျှင် အသေး ၅၅၀၀ကျပ်၊ အလတ် ၆၀၀၀ကျပ်နှင့် အကြီး ၆၅၀၀ကျပ်၊ ငရုတ်သီးခြောက်အရှည်တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး အာလူးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၈၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

   ကုလားပဲခြမ်းမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၅၆၀၀ကျပ်ရှိခဲ့ပြီး ယခုအပတ်တွင် ၅၀၀၀ကျပ်၊ ကုလားပဲလုံးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်ရှိခဲ့ပြီး ယခုအပတ်တွင် ၄၅၀၀ကျပ်ရှိနေ၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလာပြီး  မြေပဲဆံ(အဖြူ)တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ မြေပဲဆံ(အနီ)တစ်ပိဿာလျှင် ၈၅၀၀ကျပ်တို့ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)