၂၀၂၃ခုနှစ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်အတွင်းရှိ လက်ပံတန်းမြို့နယ်၊ စည်ပင်သာယာဈေး၌ ဧပြီလ၊ နောက်ဆုံးအပတ်တွင် ချင်းဈေးနှုန်းမှာ (၁၀) ကျပ်သားလျှင် (၃၅၀) ကျပ်မှ (၄၀၀) ကျပ်ထိ၊ မေလ၊ ပထမအပတ်နှင့် ဒုတိယအပတ်တို့တွင် ချင်းဈေးနှုန်းမှာ (၁၀) ကျပ်သားလျှင် (၄၅၀) ကျပ်မှ (၅၀၀) ကျပ်ထိ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ယခုမေလ၊ နောက်ဆုံးပတ်တွင် (၇၀၀) ကျပ်မှ (၇၅၀) ကျပ်ထိမြင့်တက်လာခဲ့ပါသည်။
ဧပြီလ၊ နောက်ဆုံးအပတ်တွင် ကြက်သွန်ဖြူ(ရှမ်းစ)၁ပိဿာလျှင် (၅၀၀၀) ကျပ်၊ ကြူကုတ်၁ပိဿာလျှင် (၇၀၀၀) ကျပ်၊ မေလ၊ ပထမအပတ်နှင့် ဒုတိယအပတ်တွင် ကြက်သွန်ဖြူ(ရှမ်းစ)၁ပိဿာလျှင် (၅၅၀၀) ကျပ်နှင့် (ကြူကုတ်)၁ပိဿာလျှင် (၇၅၀၀) ကျပ်တို့ဖြင့် ဈေးအနည်းငယ်စီမြင့်တက်ခဲ့ပြီး ယခုမေလ၊ တတိယအပတ်နှင့် စတုတ္ထအပတ်တို့တွင် ကြက်သွန်ဖြူ (ရှမ်းစ)၁ပိဿာလျှင် (၆၀၀၀) ကျပ်၊ ကြူကုတ်၁ပိဿာလျှင် (၈၀၀၀) ကျပ်ထိမြင့်တက်လာခဲ့ပါသည်။
DOCA(ပဲခူး)