Main menu

တောင်ငူမြို့တွင် အခြေခံလူတန်းစားများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး

Powered by Drupal

     တောင်ငူမြို့ရှိ အခြေခံလူတန်းစားများ စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပဲခူးခရိုင်၊ ဆီကုန်သည်အသင်းမှ အရောင်းဈေးကားသည် (၃၁-၅-၂၀၂၃) ရက်နေ့တွင် တောင်ငူမြို့သို့ ရောက်ရှိပြီး အမှတ်၂၂ရပ်ကွက်ရှိ ရေခဲလမ်းနှင့် ဝက်ကုန်းဈေးများတွင် ရောင်းချပေးပါသည်။

    ၎င်းဆီအရောင်းကားတွင် ငါးဆယ်ကျပ်သားဘူးများပါရှိပြီး လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြစ်သည့် စားသုံးဆီဘူးနှစ်ဘူးရောင်းချပေးပါသည်။ ဆီတစ်ပိဿာလျှင် ဘူးအပါ ၅၀၀၀ကျပ်ဖြင့်ရောင်းချပေးရာ ပြည်သူ ၅၅၀ဦးအား ရောင်းချပေးနိုင်ခဲ့ပါသည်။

     (၁-၆-၂၀၂၃) ရက်နေ့တွင် တောင်ငူမြို့၊ အမှတ်၁၉ရပ်ကွက်၌ အခြေခံလူတန်းစား ၅၅၀ဦးအား တစ်ဦးလျှင် စားသုံးဆီတစ်ပိဿာနှုန်းရောင်းချပေးခဲ့ကြောင်းနှင့် သက်သာသောနှုန်းထားဖြင့် ဆီရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေး‌ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)