Main menu

တောင်ငူမြို့တွင် ဩဘာယူရီးယားလုံးသေးမှာ ဈေးနှုန်းအနည်းငယ်တက်ပြီး အခြားဓာတ်မြေဩဇာများဈေးနှုန်းကျဆင်း

Powered by Drupal

   တောင်ငူမြို့ရှိ ဓာတ်မြေဩဇာဆိုင်များတွင် မြင်းပျံ၊ CP၊ MC အမှတ်တံဆိပ် ယူရီးယား(လုံးကြီး)ဓာတ်မြေဩဇာများနှင့် အာမိုအမှတ်တံဆိပ် ယူရီးယား(လုံးသေး)ဓာတ်မြေဩဇာများမှာ ၂၀၂၃ခုနှစ်၊ မေလဆန်း၌ တစ်အိတ်လျှင် ၈၇၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဇွန်လဆန်းတွင် ၈၆၅၀၀ကျပ်ဖြင့် ဈေးနှုန်း ၁၀၀၀ကျပ်ကျဆင်းလာခဲ့ပါသည်။

   တရုတ်ဓာတ်မြေဩဇာဖြစ်သော တီစူပါ(သံကွင်း)မှာ မေလဆန်း၌ တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇွန်လဆန်းတွင် တစ်အိတ်လျှင် ၉၁၅၀၀ကျပ်ဖြင့် ဈေးနှုန်း ၈၅၀၀ကျပ် ကျဆင်းလာခဲ့ပါသည်။

     ဩဘာကုမ္ပဏီထုတ် ရွှေကောမတ်ဓာတ်မြေဩဇာ၊ ဂျာမနီနိုင်ငံထုတ် ပိုတက်ဓာတ်မြေ ဩဇာ၊ အာမိုအမှတ်တံဆိပ် ကွန်ပေါင်းမြေဩဇာနှင့် ဩဘာကုမ္ပဏီထုတ် ကွန်ပေါင်းမြေဩဇာများမှာ မေလဆန်း၌ တစ်အိတ်လျှင် ၁၂၃၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇွန်လဆန်းတွင် တစ်အိတ်လျှင် ၉၅၀၀၀ကျပ်ဖြင့် ဈေးနှုန်း ၂၈၀၀၀ကျပ်ကျဆင်းလာခဲ့ပါသည်။

    ကော့မတ် ကွန်ပေါင်း (၁၅:၁၅:၁၅) ဓာတ်မြေဩဇာနှင့် တရုတ်အာမို (၁၆:၁၆:၈) မြေဩဇာမှာ မေလဆန်း၌ တစ်အိတ်လျှင် ၉၉၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇွန်လဆန်းတွင် တစ်အိတ်လျှင် ၉၈၀၀၀ကျပ်ဖြင့် ဈေးနှုန်း ၁၀၀၀ကျပ်ကျဆင်းလာခဲ့ပါသည်။

   ဩဘာအမှတ်တံဆိပ် ယူရီးယားဓာတ်မြေဩဇာ(လုံးသေး)မှာ မေလဆန်း၌ တစ်အိတ် လျှင် ၇၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဇွန်လဆန်းတွင် တစ်အိတ်လျှင် ၇၅၅၀၀ကျပ်ဖြင့် ဈေးနှုန်း ၃၅၀၀ကျပ်မြင့်တက်လာခဲ့ကြောင်း တောင်ငူမြို့ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)