Main menu

“ငရုတ်သီးအမှည့်အစိုများ ဈေးကောင်းရ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် ငရုတ်(မိုး) စိုက်ဧကစုစုပေါင်း(၈၄၉၇)ဧက စိုက်ပျိုးထားရှိပြီး (  ၅၀၂၄  )ဧက ရိတ်သိမ်းလျက်ရှိပါသည် ။ ငရုတ်စိုက်ပျိုးရာတွင် အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းသောမျိုးများကိုသာ ရွေးချယ်စိုက်ပျိုးကြပြီး ၎င်းမျိုးများမှာ စကာတာမျိုး၊ 692 မျိုးနှင့် တိုးတိုးအောင်ငရုတ်မျိုးကိုသာ ရွေးချယ်စိုက်ပျိုးကြကြောင်း သိရှိရပါသည် ။ ငရုတ်သီးနှံကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် စတင်စိုက်ပျိုးကြပြီး ၊ ပျိုးထောင်ပြီးရက်ပေါင်း(၄၅)ရက် ခန့်အကြာတွင် လယ်မြေနှင့်ယာမြေများတွင် ရွှေပြောင်းစိုက်ပျိုးကြကြောင်း စိုက်ပြီး(၂) လခန့် အကြာတွင် အပွင့်အသီး သီးကာ(၃)လခန့်အကြာတွင် စတင်ခူးဆွတ်ရကြောင်း ၊ မျိုးအနေဖြင့် (၁) ဧကလျှင် (၅)ဂရမ်ပါ အထုပ်(၅)ထုပ်ကုန်ကျပြီး (၅)ဂရမ်ပါ 692 ငရုတ်မျိုးစေ့(၁) ထုပ်လျှင်(၁၀၅၀၀/-)ကျပ် ဈေးနှုန်းရှိကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ စုစုပေါင်း (၁၀)သိန်းကျပ်ဝန်းကျင်ခန့်ကုန်ကြကြောင်း ၊ (၁)ဧကအထွက်နှုန်းအနေဖြင့် ငရုတ်(အစို)တင်း(၂၀၀) ခန့်အထိထွက်ရှိကြောင်း ၊ ပိဿာအနေဖြင့် ငရုတ်သီးအမှည့် (အစို)(၁၀၀၀) ပိဿာ၊ ငရုတ်သီးအမှည့် (အခြောက်)တင်း(၈၀) ခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် ငရုတ်သီးများ လှိုင်လှိုင်ထွက်ရှိနေပြီး ငရုတ်ဈေးနှုန်းအနေဖြင့် ငရုတ်သီးအမှည့်(အစို) (၁) ပိဿာလျင် (၁၀၀၀၀/- )ကျပ် ဈေးနှုန်းများရှိပြီး ၊ ငရုတ်သီးအမှည့်(အစို) (၁) ပိဿာလျှင် (၈၅၀၀/-) ကျပ်ဈေးနှုန်းများ ဖြင့်ရောင်းဝယ်လျက်ရှိရာ  ငရုတ်ပွဲစားများမှ ငရုတ်သီးအမှည့်(အစို)များကိုသာ အဓိကထားဝယ်ယူကြသောကြောင့် ငရုတ်စိုက်တောင်သူများ ဈေးကောင်းများရရှိလာသောကြောင့် အဆင်ပြေနေကြပြီး အကျိုးအမြတ်များ ရရှိကြကြောင်းကို ငရုတ်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)