Main menu

အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများဖွံဖြိုးတိုးတက်စေရေး SME ဘဏ်နှင့်ဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်၊ ပြည်တွင်း/သတင်းဌာနခွဲတာဝန်ခံတို့သည် (၇-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅း၃၀) နာရီအချိန်တွင်  ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ SME ဘဏ်ခွဲသို့သွားရောက်၍ ဘဏ်ခွဲမန်နေဂျာနှင့်တွေ့ဆုံကာ ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားလုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များ ချေးငွေရယူလျှောက်ထားနိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်၊၊

    ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်က ကရင်ပြည်နယ်အတွင်းရှိ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနကဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဘားအံ SME ဘဏ်မန်နေဂျာက SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများအနေဖြင့် SME ချေးငွေရယူနိုင်မည့်လုပ်ငန်းအခြေအနေများနှင့် လျှောက်ထားရာတွင် ဆောင်ရွက်ရမည့်အသေးစိတ်အခြေအနေများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

    စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည့်အပြင် ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေ‌ရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)