ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ ဦးတင်ဦး၏ နီလာမုန့်မျိုးစုံလုပ်ငန်းသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက နီလာမုန့်မျိုးစုံထုတ်လုပ်လျက်ရှိသောလုပ်ငန်းအား လေ့လာကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မုန့်ထုတ်လုပ်သူလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အရ စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့်လုပ်ငန်းတာဝန်များအကြောင်း၊ လုပ်ငန်းရှင်တို့က မိမိတို့၏ကုန်စည်ကို ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ချိရာတွင် မဖြစ်မနေလိုအပ်သောကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များအကြောင်း၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ) ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ပုဒ်မ၄၁၊ ပုဒ်မခွဲ (ဆ)၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းကိုလည်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ဆောင်ချက်များကို www. doca. gov. mm website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းတို့ကိုမျှဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)