ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၇-၆-၂၀၂၃) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့ပေါ်ရှိ ဆေးမျိုးစုံရောင်းချသည့်ဆိုင်များအား မိတ်ဖက်ဌာနဖြစ်သော FDA၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့ပေါ်ရှိ ဆေးအမျိုးမျိုးရောင်းချနေသောဆေးဆိုင် (၅) ဆိုင်မှ ရောင်းချနေသောဆေးဝါးများသည် တရားမဝင်ဆေးဝါများဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိသော ဆင်တူယိုးမှားဆေးဝါးအတုအပများရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပါသည်။ ဆေးဆိုင်ရှင်များကိုလည်း ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်ပြည်စုံစွာဖော်ပြပါရှိသော ဆေးဝါးများကိုသာရောင်းချရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ကုန်စည်များကိုလည်းမရောင်းချရန်နှင့် သတ်မှတ်ချက်စည်းကမ်းများနှင့်မကိုက်ညီသောကုန်စည်များကို ရောင်းချခြင်းမျိုးစစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်း၊ ဌာန၏ပြစ်မှု၊ ပြစ်ဒဏ်များခံရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ပါသည်။
DOCA(ဧရာဝတီ)