တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၂/၂၀၂၃) ကို (၉-၆-၂၀၂၃) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ (၂/၂၀၂၃) အစည်းအဝေး၌ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက (၁/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအား ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် အမှာစာများ၊ ၂၀၂၃ခုနှစ်၊ မတ်လမှ မေလအထိ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ ကုန်ညွှန်းအမှတ်အသားများလျှောက်ထားလာမှုများအား စိစစ်တင်ပြအတည်ပြုပေးခဲ့ခြင်းများ၊ စားသုံးသူတိုင်ကြားမှုအား လက်ခံဖြေရှင်းဆောင်ရွက်ခဲ့မှုများနှင့် လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများအား Power Point ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင်များက အကြံပြုချက်များတင်ပြခြင်း၊ ရှေ့ဆက်လက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင်လည်း အဖွဲ့ဝင်များအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကိုအောင်မြင်စွာရုပ်သိမ်းခဲ့ ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)