Main menu

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

   ၂၀၂၃ ခုနှစ် ဇွန်လ ဒုတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၄၅၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၃၈၀၀)ကျပ်ဖြင့် ယခင် အပတ်တိုင်း တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ် ဖြစ်လျှက်ရှိသည်။ ကြက်သွန်နီ မြစ်သား အမျိုးအစား လက်လီဈေးမှာ(အကြီး)တစ်ပိသာ(၃၀၀၀)ကျပ် ၊ (အလတ်) တစ်ပိသာ(၂၅၀၀)ကျပ် ၊ (အသေး) တစ်ပိသာ (၂၃၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၈၀၀၀)ကျပ် ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံးသေး တစ်ပိသာ (၆၅၀၀)ကျပ် ၊ ကြူကုတ် တစ်ပိသာ (၈၀၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်လျက် ရှိပါသည်။ ဂျင်း တစ်ပိသာ (၁၂၀၀၀)ကျပ် ဖြစ်နေပြီး ယခင်အပတ်ထက် (၇၀၀၀)ကျပ် မြင့်တက်လျက်ရှိပါသည်။ ငရုတ်သီးခြောက် (၂၀၀၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပါသည်။ အာလူး တစ်ပိသာ  (၃၀၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   ငရုတ်သီးစိမ်း တစ်ပိသာ (၄၀၀၀)ကျပ်  ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပါသည်။ ခရမ်းချဉ်သီး တစ်ပိသာ (၁၈၀၀)ကျပ် ဖြစ်နေပြီး ယခင်အပတ်ထက် အနည်းငယ်မြင့် တက်လျက်ရှိ၊ ခရမ်းသီး  တစ်ပိသာ (၂၀၀၀) ကျပ် ယခင်ဈေးအတိုင်း တည်ငြိမ်လျက်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။  ပန်းဂေါ်ဖီ တစ်ပွင့်  (၁၈၀၀) ကျပ် ၊ ဂေါ်ဖီထုတ် တစ်ထုတ်လျှင်(၂၅၀၀)ကျပ် ယခင်အထက် (၅၀၀)ကျပ် မြင့်တက်လျှက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိသာာလျှင် (၅၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာလျှင် (၃၀၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်နေကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၂၀၀) ကျပ် မှ (၃၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စည်းလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေပြီး  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည် ။

    ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၃၀၀)ကျပ်၊ (အသေး)တစ်လုံး (၂၅၀) ကျပ် ၊ ဘဲဥ တစ်လုံး (၃၅၀)ကျပ်ရှိသည် ။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၂၀၀၀ )ကျပ် မှ (၁၄၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိသာ (၁၈၀၀၀) ကျပ် မှ (၂၂၀၀၀) ကျပ် ၊ အမဲသာ တစ်ပိသာ (၁၁၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ် ယခင်မေလ နောက်ဆုံးအပတ်အတိုင်း ကြက်သား၊ ဝက်သား၊ အမဲသား ဈေးများမှာ တည်ငြိမ်လျက်ရှိပြီး၊ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သားဈေးမှာ တစ်ပိသာ (၉၅၀၀) ကျပ် မှ (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါး တစ်ပိသာ (၆၀၀၀) ကျပ် မှ (၈၀၀၀) ကျပ်ဖြင့်  ငါးဈေးများမှာ ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိပြီး အရောင်းအဝယ်နေကြောင်း သိရပါသည်။

     စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင်အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျက်ရှိပါသည်။ စားအုံးဆီ တစ်ပိသာလျှင် (၆၇၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံးလျှင် (၆၆၀၀၀)ကျပ်  ယခင်အပတ်ထက် တစ်ပိသာ (၁၀၀၀)ကျပ်မြင့်တက်ကာ အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)