စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ (၈-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက် အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်း (၄၃) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲကို ဒု-တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲမှ ဦးကျော်သက်ဝေ (အငယ်တန်းစာရေး) က “ကောင်းမွန်သော Power Point Presentation တစ်ခုကို ဘယ်လိုဖန်တီးမလဲ” အကြောင်းကိုဆွေးနွေးခဲ့ပြီး ရုံးစာကြည့်တိုက်မှ စာအုပ်များအားဖတ်ရှုပြီး နှစ်ပတ်လျှင် တစ်ကြိမ် စာပေစကား ဝိုင်းဆွေးနွေးပွဲကို မုံရွာမြို့နယ်တာဝန်ခံရုံးမှ ဒေါ်တိုးတိုးချွန် (ဦးစီးအရာရှိ) က စာရေးဆရာ နန္ဒသိန်းဇံ၏ ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းအကြောင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်ပပဝင်း (အငယ်တန်းစာရေး) က စာရေးဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ၏ဝတ္ထုတိုများအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)