စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ ဇွန်လ(တတိယပတ်)အတွင်း ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၉၅၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၉၆၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)(တစ်အိတ်)လျှင် ၇၂၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၃၄၅၀-၁၃၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၂၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၆၄၅၀-၆၅၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၂၀၀ မှ ၂၃၀၀ ကျပ်၊ ကြက်သွန် ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၅၅၀၀ မှ ၆၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ အာလူး(တစ်ပိဿာ) ၂၀၀၀ မှ၂၂၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၅၀၀-၃၆၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀-၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၁၆၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်)၁၅၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)(တစ်စီး) ၆၀၀ ကျပ်၊ ကြက်သား (တစ်ပိဿာ)လျှင် ၁၀၀၀၀ -၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀-၂၀၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ် ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၆၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၄၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံး လျှင် ၃၅၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၁၅၀၀မှ ၂၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။
ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ဆန်၊ မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီဈေးနှုန်းများ အနည်းငယ်တက်နေပြီး အခြေခံစားကုန်ဈေးနှုန်းများဖြစ်သော ကြက်သွန်နီဈေးနှုန်းများ ဈေးအနည်ငယ်အေးနေပါကြောင်း၊ စားအုန်းဆီ ဈေးနှုန်းများ ရည်ညွှန်းဈေးပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲ ရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)