ယခုတစ်ပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ ကုလားပဲနှင့် ပဲစင်းငုံသီးနှံများအနေဖြင့် ဈေးပြိုင်ရလျက်ရှိနေကြောင်း သိရပါသည်။ မတ်ပဲသီးနှံဈေးမြင့်တက်လာသော်လည်း ကုလားပဲနှင့် ပဲစင်းငုံဈေးကို မမီဘဲ ကျပ် (၈)သောင်းအောက်သာ ရရှိနေခဲ့ပါသည်။ ကုလားပဲသီးနှံမှာ တစ်တင်း (၈၅၀၀၀)ကျပ်ဖြင့် ဈေးအမြင့်ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်နေပြီး ပဲခွဲစက်သမားများအပြင် ရန်ကုန်ဝယ်လက်ပါ အဝယ်ရှိနေတာကြောင့် တစ်ရက်အိတ် (၂၀၀/၃၀၀)ကျော် ရောင်းဝယ်မှုရှိခဲ့ကြပါသည်။ ပဲအဝင်မရှိဘဲ လက်ကျန်ပဲများရှိနေသောကြောင့် ဈေးကွက်အတွင်း ဝယ်လိုအား ရှိသလောက် ရောင်းချနိုင်ကြောင်း သိရပါသည်။
DOCA(ပဲခူး)