ပြည်ပဲဈေးကွက်အတွင်း ပဲမျိုးစုံသီးနှံများ ဈေးကောင်းရလျက်ရှိပြီး ပြည်ပဈေးကွက်ဝင်သီးနှံများအပြင် ပြည်တွင်းလက်လီ/လက်ကားရောင်းဝယ်နေသော ပဲများအနက် ထောပတ် ပဲ၊ ပဲနီပြားသီးနှံများမှာ ပြည်ပဈေးကွက်ဝင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံများကဲ့သို့ပင် ကျပ် (၈)သောင်းအထက် ရရှိနေကြောင်း သိရပါသည်။ ထောပတ်ပဲသီးနှံမှာ ပြည်ဈေးကွက်၌ ပိဿာ(၂၀) တစ်တင်းလျှင် (၈၆၀၀၀)ကျပ်ဖြင့် လက်ကားဝယ်ယူမှုထက် လက်လီအဝယ်သမားများဖြင့် အရောင်းအဝယ်ပိုမိုဖြစ်ခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် တစ်ရက်အိတ် (၂၀)ကျော် ရောင်းဝယ် မှုဖြစ်ခဲ့ကြပါသည်။ ပဲအဝင်မရှိပေမယ့် လက်ကျန်လှောင်ပဲ အချို့ရှိသဖြင့် ဝယ်လိုအားရှိသလောက် ရောင်းဝယ်ခဲ့ရကြောင်း သိရပါသည်။
DOCA(ပဲခူး)