Main menu

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၃ခုနှစ်၊ ဇွန်လ (၃) ရက်နေ့မှ ဇွန်လ (၁၃) ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း၊ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ်၁၂၀၀မှ ကျပ်၁၆၀၀အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်၅၀၀မှ ကျပ်၁၈၀၀အတွင်း၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ်၁၀၀၀မှ ကျပ်၂၀၀၀အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ်၂၀၀၀မှ ကျပ်၂၇၀၀အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ်၁၆၀၀မှ ကျပ်၂၂၀၀အတွင်း ရွှေဖရုံသီးတစ်လုံးလျှင် ကျပ်၂၀၀၀မှ ကျပ်၅၀၀၀အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ်၁၂၀၀မှ ကျပ်၂၀၀၀အတွင်း၊ မုန်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ်၂၀၀၀မှ ကျပ်၂၅၀၀အတွင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ကျပ်၁၈၀၀မှ ကျပ်၂၂၀၀အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် ကျပ်၄၅၀၀မှ ကျပ်၆၆၀၀အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ်၆၈၀၀မှ ကျပ်၆၉၀၀အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ်၄၅၀၀မှ ကျပ်၈၀၀၀အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ်၂၀၀မှ ကျပ်၂၅၀အတွင်း၊ ချဉ်ပေါင်ရွက်တစ်စီးလျှင် ကျပ်၇၅မှ ကျပ်၁၀၀အတွင်း၊ ခရမ်းသီး  (ရှည်) တစ်ပိဿာလျှင် ကျပ်၁၈၀၀မှ ကျပ်၂၂၀၀အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ်၅၀မှ ကျပ်၂၀၀အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ်၂၅၀၀မှ ကျပ်၄၅၀၀အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) တစ်လုံးလျှင် ကျပ်၁၅၀၀မှ ကျပ်၈၀၀၀အတွင်းဖြစ်ကြောင်း၊ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၂၁၁၉၀၀) ကျော်၊ ခရမ်းသီး (ရှည်) ပိဿာပေါင်း (၁၇၄၈၀) ကျော်၊ ဘူးသီးအလုံးပေါင်း (၁၉၅၀) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၂၈၅၀) ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၄၃၀၀) ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၆၀၀၀) ကျော်၊ မုန်ညှင်းထုပ်ပိဿာပေါင်း (၉၃၄၅) ကျော်၊ ဖရဲသီးလုံးပေါင်း (၇၂၀၀) ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)