![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ဓာတ်ဆီ_3.jpg?itok=4PeI6Od-)
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်(၁၄)ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိ ပြီး စက်သုံးဆီလက်လီဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ် မေလ တတိယပတ်အတွင်း ဒီဇယ်(ရိုးရိုး) တစ်လီတာ လျှင် (၁၉၅၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၀၉၀) ကျပ်၊ ဓါတ်ဆီ(92)တစ်လီတာလျှင် (၂၀၀၀) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၀၉၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခုဇွန်လ တတိယပတ်အတွင်း ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၀၃၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၁၁၅) ကျပ်၊ ဓါတ်ဆီ(92)တစ်လီတာလျှင် (၂၀၈၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၁၇၅) ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပါသည်။
ယခင်မေလတတိယပတ် နှင့် ယခုဇွန်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၈၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅)ကျပ်၊ ဓါတ်ဆီ(92)တစ်လီတာလျှင်(၈၀)ကျပ်နှင့် ဓါတ်ဆီ(95)တစ်လီတာလျှင် (၈၅)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှ သိရှိရပါသည်။
Doca Kayah