မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးလွင်နှင့် မုဒုံမြို့နယ်တာဝန်ခံတို့သည် (၁၃-၆-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့နယ်၊ မြို့မ (၁) ရပ်ကွက်ရှိ ဖူးဖူးဆန်စက်နှင့် မြို့မ (၄) ရပ်ကွက်ရှိ မြန်မာ့တော်ဝင်ဆန်စက်ပိုင်ရှင်တို့အား သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဦးစီးအရာရှိ ဦးမျိုးလွင်က ဆန်စက်လည်ပတ်မှုအခြေအနေ၊ စပါးဝယ်ယူသိုလှောင်ထားရှိမှု၊ ဆန်စပါးလက်ရှိဖြစ်ပေါ်နေသောဈေးနှုန်း၊ သယ်ယူဖြန့်ဖြူးမှုအခြေအနေနှင့် ဆန်စက်လုပ်ငန်းရှင်များ၏လိုအပ်ချက်နှင့် အခက်အခဲများကိုဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆန်အိတ်များတွင် ဆန်စက်၏အမည်၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ဆန်အမျိုးအမည်များကို ထည့်သွင်းဖော်ပြရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
DOCA(မွန်)