Main menu

တောင်ငူမြို့တွင် ကြက်သွန်ဖြူဈေး ဆက်လက်မြင့်တက်

Powered by Drupal

     တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ  တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ  ၂၀၂၃ခုနှစ်၊ဇွန်လ(ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်မှ ယခုဇွန်လ(တတိယပတ်)တွင် တစ်ပိဿာလျှင် ၆၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။

        ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေး ၂၄၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်၊ အကြီး ၂၈၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၂၈၀၀ ကျပ်ဖြင့်  ဈေးနှုန်းအနည်းတည်ငြိမ်ပါသည်။

       ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ယခင်အပတ်က အသေး ၅၅၀၀ ကျပ်၊ အလတ် ၆၀၀၀ ကျပ်၊ အကြီး ၆၅၀၀ ကျပ်၊ တရုတ်ကြက်သွန်ဖြူ ၆၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၅၈၀၀ ကျပ်၊ အလတ် ၆၅၀၀ ကျပ်၊ အကြီး ၇၀၀၀ ကျပ်၊ တရုတ်ကြက်သွန်ဖြူ ၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။

      အာလူးမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၂၂၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်၊ အကြီး ၂၈၀၀ ကျပ်နှင့် တရုတ်အာလူး ၃၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၆၀၀ ကျပ်၊ အလတ် ၂၈၀၀ ကျပ်၊ အကြီး ၃၀၀၀ ကျပ်၊ တရုတ်အာလူး ၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ပါသည်။

      ငရုတ်သီးခြောက် အပုမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ၊ ငရုတ်သီး ခြောက်အရှည်မှာ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိနှင့် ငရုတ်သီးခြောက်အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

       ယခင်အပတ်က မြေပဲဆံအဖြူ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၈၂၀၀ ကျပ်အထိ၊ မြေပဲဆံအနီ တစ်ပိဿာလျှင် ၇၃၀၀ ကျပ်မှ ၇၅၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် မြေပဲဆံအဖြူ ၈၃၀၀ ကျပ်၊ မြေပဲဆံအနီ ၇၆၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၄၆၀၀ ကျပ်မှ ၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ကြောင်းနှင့် အခြေခံစားသောက်ကုန်များမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)