တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ကုလားအော်သီး တစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။
ခရမ်းသီး (အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ် တက်ပြီး ခရမ်းသီး(အညို)မှာ တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိဖြင့် ယခင်အပတ်က အတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။
ဒေသသခွားသီးမှာ တစ်ပိဿာလျှင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်၊ ရှမ်းပြည်သခွားသီးမှာ တစ်ပိဿာလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ ဂေါ်ဖီမှာ တစ်ပိဿာလျှင် ၉၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ၊ ခရမ်းချဉ်သီးမှာ တစ်ပိဿာလျှင် ၁၁၀၀ ကျပ်မှ ၁၃၀၀ ကျပ်အထိဖြင့် ဈေးနှုန်း တည်ငြိမ် နေပါသည်။
ပြောင်းဖူး အကြီး တစ်ဖူးလျှင် ၂၅၀ ကျပ်မှ ၃၀၀ ကျပ်အထိ၊ ပြောင်းဖူးအသေး တစ်ဖူးလျှင် ၁၅၀ ကျပ်မှ ၂၀၀ ကျပ်အထိဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး နံနံပင်မှာ ယခင်အပတ်က တစ်ဆယ်ကျပ်သားလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၇၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။
မုံလာဥနီမှာ တစ်ပိဿာလျှင် တစ်ပိဿာလျှင် ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိ၊ မုံလာဥဖြူမှာလည်း တစ်ပိဿာလျှင် ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိနှင့် မုန်ညင်းဖြူမှာ တစ်ပိဿာ လျှင် ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်အထိရှိပါသည်။
ကန်စွန်းရွက်မှာ တစ်စည်း ၅၀ ကျပ်၊ ၁၀ စည်းယူလျှင် ၅၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၈၀၀ ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၇၀၀ ကျပ်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)