(၁၅-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကော့သောင်းမြို့၊ အ-လ-က (ခွဲ)၊ ပုလုံးတုံတုံးကျောင်းနှင့် ဘ/က ရန်ကြီးအောင်စာသင်ကျောင်းတို့တွင် ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ) သည် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်အခွင့်အရေး၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီးနောက် အ-လ-က (ခွဲ)၊ ပုလုံးတုံတုံးကျောင်းနှင့် ဘ/က ရန်ကြီးအောင်စာသင်ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများအား သက်တန်းလွန်စားသောက်ကုန်များနှင့် စားသုံးရန်မသင့်သောစားသောက်ကုန်များအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များနှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များသာရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)