
ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင်(၁၂)ဆိုင်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ (ဒုတိယပတ်) တွင် ဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် (၆၆၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှင့် နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဇွန်လ (ပထမပတ်)တွင် စားအုန်းဆီ တစ်ပိဿာလျှင် (၆၃၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှင့် နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ဇွန်လ (ပထမပတ်)နှင့် ဇွန်လ (ဒုတိယပတ်) ဈေးနှုန်းတို့ကို နှိုင်းယှဉ်ကြည့်ပါက ပဲဆီသန့် နှင့် နှမ်းဆီသန့်တစ်ပိဿာဈေးနှုန်းမှာ ဇွန်လ(ပထမပတ်) နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၂၅၀)ကျပ် မြင့်တက်လျက်ရှိကြောင်း စားသုံးဆီ လက်ကားဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)