Main menu

ကန့်ဘလူမြို့နယ်အတွင်း ဇွန်လ လဆန်းပိုင်းတွင် ပွဲရုံများသို့ ဝင်ရောက်နေသော သီးနှံများ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဟူသော မျှော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်၊ တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

           ကန့်ဘလူပွဲရုံများအနေဖြင့် မေလနှင့် ဇွန်လ လဆန်းပိုင်းတို့တွင် အရောင်းအဝယ် ဖြစ်နေသော သီးနှံအမျိုးအစားနှင့် ဈေးနှုန်းများ အရောင်းအဝယ် ဖြစ်မှုအခြေအနေမျာမှာ ပဲတီစိမ်း (၂၄၇၅)တင်း/(၂၂၇.၄၈)တန် ဈေးနှုန်းမှာ ပဲတီစိမ်း တစ်တင်းလျှင်(၅၅၀၀၀/၆၀၀၀၀)ဈေးရှိပါသည်။ ပဲစဉ်းငုံ(နီ) (၇၅)တင်း/(၆.၈၉)တန် ဈေးနှုန်းမှာ တစ်တင်းလျှင်(၁၀၅၀၀၀)ဈေးရှိပြီး၊ ပဲစဉ်းငုံ(ဖြူ) (၁၅)တင်း/ (၂.၁၁)တန် ဈေးနှုန်းမှာ တစ်တင်းလျှင်(၉၅၀၀၀)ဈေးရှိပြီး တောင်သူမျိုးကျန်များ ရောင်းချချိန်ဖြစ်သည့်အတွက် အဝင်နည်းသော အချိန်ဖြစ်ကာ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ကုလားပဲ အမျိုးအစား (၄)မျိုးရှိပြီး v2 အမျိုးအစား (၇၅)တင်း/(၇.၀၁)တန် ဈေးနှုန်းမှာ တစ်တင်းလျှင်(၉၀၀၀၀)ကျပ်နှုန်း ၊ v7အမျိုး အစား(၁၀၅)တင်း/(၉.၈၂)တန်ဈေးနှုန်း တစ်တင်းလျှင် (၉၀၀၀၀)ကျပ်နှုန်း၊ ထိုင်ဝမ် အမျိုးအစာ (၄၅)တင်း/(၄.၂၀)တန် ဈေးနှုန်း တစ်တင်းလျှင် (၈၆၀၀၀) ကျပ်နှုန်း၊ 929အမျိုးအစား တင်း(၅၂၈) /တန်(၄၉.၃၉)တန် ဈေးနှုန်း တစ်တင်းလျှင် (၈၈၀၀၀)ကျပ် နှုန်း ပေါက်ဈေးရှိပြီး ယခင်လထက်အနည်းငယ် ဈေးမြင့်တက်လျက်ရှိပါသည်။ မတ်ပဲ တင်း(၄၂၀) /တန်(၃၉.၂၈) ဈေးနှုန်း တစ်တင်းလျှင် (၇၇၀၀၀)ကျပ်နှုန်းဖြစ်ပါသည်။ မြေပဲလုံးဆံတင်း(၁၅) /တန် (၁.၄၀)ရှိပြီး ဈေးနှုန်းမှာ(၁၂၀၀၀၀) ကျပ် ပေါက်ဈေးရှိကာ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ရာသီ မဟုတ်တော့သည့်အတွက် အဝင်နည်းကြောင်း ယခင်လတုန်းကတော့ ကြက်သွန်နီ/ ငရုတ်သီးခြောက်များအဝင်ရှိကာ ယခုလမှာတော့ အဝင်မရှိကြောင်းနှင့် မိမိတို့ပွဲရုံမှ သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)