ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးမိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် (၈-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချနေခြင်းရှိ/မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်က စက်သုံးဆီတင်သွင်း/ဖြန့်ဖြူး/ရောင်းချနေသည့်လုပ်ငန်းရှင်များအား တရားမဝင်သွင်းကုန် စက်သုံးဆီ၊ ချောဆီများအား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်ဆောင်ရွက်နေကြောင်း၊ စက်သုံးဆီ၊ ချောဆီများသယ်ဆောင်မှုအား စောင့်ကြည့်စစ်ဆေးခြင်း၊ မြို့နယ်အလိုက် စက်သုံးဆီအရောင်းဆိုင်အရေအတွက်နှင့် လက်ကားဝယ်ယူသည့်ကုမ္ပဏီစာရင်းများကို ကောက်ယူနေကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်း/ဖြန့်ဖြူး/ရောင်းချနေခြင်းများကို စစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPRD က နေ့စဉ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးထက်ပိုမိုရောင်းချခြင်းရှိ/မရှိနှင့် ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ အချင်အတွယ်မှန်ကန်စွာရောင်းချနိုင်ရေးတို့အတွက် စစ်ဆေးရခြင်းဖြစ်ကြောင်းနှင့် ဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် စက်သုံးဆီလုပ်ငန်းရှင်များထံသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)