ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့ သည် (၁၃-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် အမှတ် (၁) ရပ်ကွက်ရှိ ဒေါ်ခင်ခင်၏နေအိမ်တွင် ပြည်သူ (၉) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သတ်၍ စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မည်သည့်လုပ်ငန်းရှင်မဆို ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ တာဝန်ယူမှု၊ တာဝန်ခံမှုအကြောင်းအရာများ၊ ဘေးအန္တရာယ် ကင်းရှင်း၍ လုံခြုံစိတ်ချမှုရှိသည့် အရည်အသွေးမီကုန်စည်များကိုသုံးစွဲနိုင်ရေးအတွက် ဈေးကွက် စောင်ကြည့်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။
DOCA(ဧရာဝတီ)