ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် (၁၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဖျာပုံမြို့၊ အမှတ် (၁၄) ရပ်ကွက်ရှိ ပြည်သူ (၅၆) ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၉)၊ ပုဒ်မ (၁၉) ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင်အရေးများ၊ လုပ်ငန်းရှင်များက မိမိတို့ဖြန့်ဖြူးသောကုန်စည်များနှင့်ပတ်သက်၍ တာဝန်ယူမှု၊ အာမခံချက်များအကြောင်း၊ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသောကုန်စည်၊ ဝန်ဆောင်မှုများကို မည်သို့ရွေးချယ်ဝယ်ယူရမည်ဖြစ်ကြောင်းတို့ကို ဟောပြောခဲ့ပြီးနောက် မြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) ပါ ပုဒ်မ (၄၁)၊ (၄၃)တို့အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများကို ပြောကြားခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ တွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များ၊ စားသုံးသူများနစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်စင်တာများဖွင့်လှစ်ထားကြောင်း၊ Consumer Call Center No. (1535) သို့လည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့မှုအား သိရှိရပါသည်။
DOCA(ဧရာဝတီ)