Main menu

မိုးမျှော်ရသည့်မိုးနှမ်း

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ရေမြေရာသီဥတု အခြေအနေအရ နှမ်းသီးနှံကို မိုးကောင်းသောက်သီးနှံအနေဖြင့် နှစ်စဉ် မေ၊ ဇွန်လများတွင် စိုက်ပျိုးကြပါသည်။ ယခုနှစ်တွင်လည်း မေလလယ်မိုးရွာသွန်းပြီး မိုးနှမ်းကို စတင်စိုက်ပျိုးခဲ့ရာ ဇွန်လဆန်း၌ ရွာသွန်းခဲ့သောမိုးကြောင့် အပင်ဖြစ်ထွန်းမှု ကောင်းမွန်လျက်ရှိပါသည်။ ဒေသတွင်းနှမ်းညိုကို အစိုက်များရာ မျိုးသီးနှံချိန်ဖြစ်၍ နှမ်းညိုစျေးကောင်းလျက်ရှိပြီး တောင်သူများအနေဖြင့် မျိုးတွက် ချန်ထားသည်များအနက် ပိုလျှံသော နှမ်းကို စျေးကွက်သို့ ရောင်းချရာ တစ်တင်းလျှင် (၉၅၀၀၀) ကျပ်ဖြင့် စျေးကောင်းရရှိကြပါသည်၊၊ စိုက်ပျိုးရာ၌ လုပ်သားခ(ကျား/မ) မှား တစ်ရက်လျှင် (၅၅၀၀) ကျပ်ရှိပြီး ၊ ထွန်ထယ်ရာတွင် နွားတစ်ရှဉ်း (၁၅၀၀၀-၂၀၀၀၀) ကျပ်ရှိကြောင်းသိရသည်။ တောင်သူများမှာ မိုးမျှော်စိုက်ပျိုးရသော နှမ်းအတွက်လာမည့် မိုးလေဝသအခြေအနေကို မျှော်လင့်ရကြောင်း သိရသည်။

DOCA(မန္တလေး)