စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ (၁၅-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းတစ်ဦးချင်း Capacity ပြည့်ဝစေရေး၊ စွမ်းဆောင်ရည်မြှင့်တက်စေရေးတို့အတွက် Thursday Talk အသိပညာပေးသင်တန်းများကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သေချာစွာလေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း (labelling) နှင့်ပတ်သတ်၍လည်းကောင်း၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မြို့သစ်မြို့နယ်တာဝန်ခံ ဦးဆယ်မောင်(ဒု-ဦးစီးမှူး)က အောင်မြင်သော စားသုံးသူအသိပညာပေးဆွေးနွေးပွဲတစ်ခုဖြစ်မြောက်စေရန် ဆောင်ရွက်သင့်သည့်နည်းလမ်းများကိုလည်းကောင်း၊ မကွေး/ချောက်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်တင်လျမ်းဝေ(ဒု-ကြီးကြပ်ရေးမှူး)က ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့်အချက်များကိုလည်းကောင်း Power Point များဖြင့် ဟောပြောဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းမှုအပေါ် အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ဟောပြောဆွေးနွေးပွဲကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး ားနှင့် ဌာနခွဲတာဝန်ခံများ၊ အရာထမ်း/အမှုထမ်းများ၊ စုစုပေါင်း (၃၅) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)