စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
(၁၅-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ မုန့်ဖတ်ဖို၊ ပဲပြားဖိုများအား မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများ၊ မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာနမှ တိုင်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်းပြီး မုန့်ဖတ်ဖို၊ ပဲပြားဖိုများအား စားသုံးရန် သင့်/မသင့် ဓာတ်ခွဲစမ်းသပ်ရန်အတွက် ကုန်စည်နမူနာဝယ်ယူ၍ Mobile Lap ဖြင့် ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
မုန့်ဖတ်ဖိုများတွင် လုပ်သား(၃)ဦး၊ (၄)ဦးဖြင့် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပြီး မုန့်ဖတ်ပြုလုပ်ရာတွင် ဧရာဝတီ (ဆလပ်) ကိုအသုံးပြုကြပြီး သကြား၊ ဆား၊ ဆော်ဒါထည့်၍ပြုလုပ်ကြရပါသည်။ တစ်ချို့မုန့်ဖိုများမှာ လက်ဖြင့်ပြုလုပ်ပြီး တစ်ချို့မှာ စက်ဖြင့်ကြိတ်ညှစ်ပြုလုပ်ကြပါသည်။ မုန့်ဖတ်ပြုလုပ်ရာတွင် ဆန်ဆလပ်ကြီးတစ်အိတ်လျှင် ယခင်က ကျပ် (၅၄၀၀၀-၆၀၀၀၀) ဖြင့်ဝယ်ယူရပြီး ယခုအခါတွင် ကျပ် (၅၅၀၀၀မှ၆၀၀၀၀) ဖြင့်ဝယ်ယူကြရကြောင်း၊ နန်းပြားပြုလုပ်ရာတွင် နှမ်းဆီ/ပဲဆီထည့်ကိုင်တွယ်ပြုလုပ်ရကြောင်း၊ စက်ရေဖြင့်အသုံးပြုကြကြောင်း၊ စက်ဖြင့်ကြိတ်ညှစ်ပြုလုပ်ရာတွင်လည်း မီးလာလျှင် တစ်နေ့နှစ်ကြိမ်ခွဲ၍ပြုလုပ်ကြကြောင်း၊ မုန့်ဖတ် ၅၀ကျပ်သားလျှင် ကျပ် (၁၀၀၀)၊ ၁ပိဿာလျှင် ကျပ် (၁၈၀၀-၁၉၀၀)၊ ခေါက်ဆွဲဖတ် ၁ပိဿာလျှင် ကျပ် (၃၅၀၀-၃၈၀၀) တို့ဖြင့် အသီးသီးရောင်းချကြပြီး တစ်နေ့လျှင် ပိဿာချိန် (၁၅၀_၁၆၀) ခန့်ရောင်းချကြပါသည်။ ပဲပြားဖိုများ၌ ကွင်းဆင်းရာတွင် ပဲပြားများကို သကြား၊ ဆား၊ ပဲပုပ်စေ့တို့ဖြင့် ပြုလုပ်ကြကြောင်း၊ မြစ်ရေကို ပြန်ကျို၍ စစ်တောင်းထဲတွင်ထည့်ကာ ဘိဖြင့်ဖိ၍ပြုလုပ်ကြကြောင်း၊ ဆားရည်ကို (၃) ရက်ခန့်နှပ်၍ အသုံးပြုကြကြောင်းနှင့် ပဲပြားများကို မကွေးခရိုင်အတွင်းရှိ တောင်တွင်းကြီး၊ သစ်ရာကောက်၊ နတ်မောက်နယ်များသို့ ဖြန့်ဝေရောင်းချကြောင်း ကွင်းဆင်းစစ်ဆေးမှုများအရ သိရှိရပါသည်။
DOCA(မကွေး)