စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးသည် သုံးစွဲသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း (၂) ရပ်ကွက်နှင့် ရွှေအိုး (၂) ရပ်ကွက်ရှိ အလှကုန်အရောင်းဆိုင် (၅) ဆိုင်သို့သွားရောက်၍ မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်ဟု တားမြစ်ထားသောအလှကုန်တစ်မျိုးဖြစ်သည့် “VONGEE” အမှတ်တံဆိပ်ပါ Eyeshadow Palette (18g) အလှကုန်တစ်မျိုးအား ရောင်းချဖြန့်ဖြူးခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ သမာအာဇီဝအလှကုန်အရောင်းဆိုင်တွင် ရောင်းချဖြန့်ဖြူးနေသည်ကို တွေရှိခဲ့ရမှုအပေါ် သုံးစွဲသူများအတွက် ဘေးအန္တရာယ်ရှိပြီး သုံးစွဲရန်မသင့်သည့်အတွက် စျေးကွက်အတွင်းမှ အမြန်ဆုံးပပျောက်ရေးအတွက် မြို့နယ်ကျန်းမာရေးအဖွဲ့က သိမ်းဆည်း၍ ဖျက်ဆီးခဲ့ပါကြောင်း သိရှိရပါသည်။
ထုတ်လုပ်/ရောင်းချ/ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားနေသော ဆိုင်ပိုင်ရှင်များကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ တွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့အရ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသောကုန်ပစ္စည်းများကိုသာ သုံးစွဲသူများဘေးကင်းလုံခြုံရန်အတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းခဲ့ပါသည်။
DOCA(မကွေး)