ပခုက္ကူခရိုင်၊ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာ၊ ပခုက္ကူကျွန်းများတွင် ဆောင်းစိုက်(ပင်စိုက်)များအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ကြက်သွန်နီကုန်စည်ဒိုင်၌ ကြက်သွန်နီဈေးနှုန်းများမှာ အတက်အကျမရှိဘဲ ဈေးငြိမ်လျက်ရှိပါသည်။ (၈-၆-၂၀၂၃) ရက်နေ့မှ (၁၄-၆-၂၀၂၃) ရက်နေ့အထိ အရောင်းအဝယ်ဖြစ်ခဲ့သော ကြက်သွန်နီဒိုင်ပြတ်လက်ကားဈေးနှုန်းများမှာ အရည်အသွေးကိုလိုက်၍ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၁၄၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၁၆၀၀)၊ ထိပ်စတစ်ပိဿာလျှင် ကျပ် (၁၉၅၀- ၂၀၀၀) ဖြစ်ပြီး အရောင်းအဝယ်ဖြစ်မှုကုန်ချိန်မှာ နေ့စဉ် ပိဿာ (၃၀၀၀၀) မှ ပိဿာ (၈၀၀၀၀) အထိ ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရှိရပါသည်။
ပခုက္ကူမြို့မစည်ပင်သာယာဈေးတွင် ရောင်းချနေသောကြက်သွန်နီလက်လီဈေးနှုန်းများမှာ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၂၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၂၃၀၀)၊ ထိပ်စတစ်ပိဿာလျှင် ကျပ် (၂၄၀၀) ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပြည်တွင်းတင်ပို့မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်တို့ဖြစ်ပြီး ပြည်ပတင်ပို့မှုအနေဖြင့် တရုတ်၊ ဗီယမ်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)