
ဆိပ်ဖြူမြို့ရှိ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ ဇွန်လ (၈)ရက်နေ့မှ (၁၄)ရက်နေ့အထိ (ဒုတိယအပတ်အတွင်း) နေ့စဉ် ကုန်ချိန်ပိဿာ (၅) သောင်းခန့်၊ (၁) ပတ်အတွင်း စုစုပေါင်းပိဿာ (၃) သိန်းခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။
ဇွန်လ၊ ဒုတိယအပတ်အတွင်း ကြက်သွန်နီ (၁) ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ (ရှယ်) ကျပ် (၁၉၇၅) မှ ကျပ် (၁၉၂၅)၊ အလတ်စ ကျပ် (၁၈၅၀) မှ ကျပ် (၁၈၀၀)၊ အနိမ့်ဈေး ကျပ် (၁၇၀၀) မှ ကျပ် (၁၆၅၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဇွန်လ၊ ပထမအပတ်တွင် ကြက်သွန်နီထိပ်စအမြင့်ဆုံးဈေးမှာ (၁) ပိဿာလျှင် ကျပ် (၂၀၂၅) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဒုတိယအပတ်တွင် ထိပ်စ (ရှယ်) ကျပ်(၅၀)၊ အသေးစ ကျပ် (၂၅) ခန့်ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။
ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မြဝတီဝယ်လက်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးကုန်စည်စီးဆင်းလျက်ရှိကြောင်း၊ ဇွန်လ၊ ဒုတိယအပတ်အတွင်း ကြက်သွန်နီစုစုပေါင်း ပျမ်းမျှပိဿာ (၃) သိန်းခန့်၊ (၁၀၀၀၀) အိတ်၊ တန်ချိန် (၄၉၀) ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရသည်။ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီအရွယ်အစားနှင့် အရည်အသွေးလိုက်၍ (၁) ပိဿာလျှင် လက်လီဈေး (၂၃၀၀) ကျပ်မှ (၁၆၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။
DOCA(မကွေး)