စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး ရည်ရွယ်၍ (၆-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်မြို့၊ နဝဒေးကားကြီးဝန်းရှေ့ရှိ ပိုင်ရှင်ဦးဇော်မင်းဦး၏ "Sun Light" စက်သုံးဆီအရောင်းဆိုင်သို့လည်းကောင်း၊ (၇-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်မြို့၊ နဝဒေးရပ်ကွက်၊ မေမြို့၊ ပန်းလမ်းရှိ ဦးချစ်ကိုကို ထုတ်လုပ်လျက်ရှိသော ‘ဦးခင်မောင်ဝင်း’ ဆန်မရွေးလုပ်ငန်းသို့လည်းကောင်း၊ (၇-၆-၂၀၂၃) ရက်နေ့၊ နံနက် (၉:၄၅) နာရီအချိန်တွင် ပေါက်ခေါင်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပိုင်ရှင်ဦးကိုလတ်၏ ‘ဆာဝါဒီး’ စိုက်ပျိုးရေးပစ္စည်းသုံးအရောင်းဆိုင်သို့လည်းကောင်း၊ (၂၀-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၂:၃၀) နာရီအချိန်တွင် ပေါက်ခေါင်းမြို့၊ သဖန်းချိုကျေးရွာရှိ ပိုင်ရှင်ဦးအောင်ဇော်လတ်၏ ‘အောင်ကံစု’ စက်သုံးဆီဆိုင်သို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဆိုင်ရှင်များအား မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော စက်သုံးဆီများ၊ စိုက်ပျိုးရေးပစ္စည်းများနှင့် ဒေသတွင်းထုတ်လုပ်လျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့်အမျိုးအစားများဖြင့် မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)