Main menu

ကုန်အညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာ အသိပညာပေး

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် (၂၃-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြုလုပ်သည့် TALK SHOW အစီအစဉ်တွင် ကုန်အညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာ အသိပညာပေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ ကုန်စည်တစ်ခုတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံရန်လိုအပ်ချက်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သည့်ကုန်စည်နှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားလျှောက်ထားရာတွင် ထည့်သွင်းဖော်ပြရမည့်အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)