
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၇-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြန်/ဆက်ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
မင်းလှမြို့နယ်တာဝန်ခံ ဦးစိန်ဝင်းက ဌာန၏ဖွဲ့စည်းဆောင်ရွက်မှုအကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူနှင့် လုပ်ငန်းရှင်များသိသင့်သိထိုက်သည့် အကြောင်းအရာကို အကျယ်တဝင့်ဆွေးနွေးပြောကြားပြီးနောက် ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ဇင်မာဝင်းက အသိပညာပေး Talk Show အစီအစဉ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးဟောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)